ဒီပဲယင်း NLD အမတ်ကို NUG ပြန်လွှတ်ပေး
ဒီပဲယင်း NLD အမတ်ကို NUG ပြန်လွှတ်ပေး
ဒီပဲယင်းမြို့နယ် NLD အမတ် ဦးဝင်းမြင့်အောင်ကို အမျိုးသားညီညွှတ်ရေး အစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ၂၀၂၃ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီး၊ ဒီလ ၁၇ ရက်နေ့တုန်းက ပြန်လွှတ်ပေးလိုက်ပြီလို့ ဒီကနေ့ လုပ်ခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲမှာ NUG ဘက်က ထုတ်ပြောလာပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ဦးဝင်းမြင့်အောင်က ကြိုးစားခဲ့ဖူးပါတယ်။ သူ့ကို ဘာကြောင့် ဖမ်းဆီးထားခဲ့တာလဲ။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြပေးမှာပါ။



