စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အရပ်သား သေဆုံးမှုတိုး

ဗီဒီယို ပုံစာ, စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အရပ်သား သေဆုံးမှုတိုး
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အရပ်သား သေဆုံးမှုတိုး

စစ်ကောင်စီက လက်လွှတ်လိုက်ရတဲ့ ဒေသတွေကိုပြန်လည်ရရှိရေး ပြန်လည်တိုက်ခိုက်မှာဖြစ်ပြီး အဲဒီ ဒေသတွေကို ဝင်ရောက်နေတဲ့ လက်နက်ကိုင်တပ်တွေက အရပ်ဘက်ဆိုင်ရာ အဆောက်အဦးတွေကို အသုံးပြုနေတာရှိလို့ ဒီဒေသတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ဆွဲဆောင်စည်းရုံးတာတွေနဲ့ ဘေးကင်းလုံခြုံရေး သတိပြုကြဖို့ စစ်ကောင်စီဥက္ကဋ္ဌက စက်တင်ဘာလဆန်းတုန်းက ပြောကြားခဲ့ပါတယ်။ အဲဒီလိုပြောပြီးတဲ့နောက်ပိုင်းတော့ လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာပြီး ဒီတစ်လတည်းမှာတင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀ ကျော်အထိရှိနေသလို အရပ်သားသေဆုံးမှုတွေလည်းမြင့်တက်လာပါတယ်။ အပြည့်အစုံကို ကိုရင်မောင်က ပြောပေးမှာပါ။