ကျားဖြန့် လုပ်ဖူးသူတွေ အွန်လိုင်း ငွေလိမ်မှုတွေ ထပ်လုပ်မှာ စိုးရိမ်နေ

ဗီဒီယို ပုံစာ, ကျားဖြန့် လုပ်ဖူးသူတွေ အွန်လိုင်း ငွေလိမ်မှုတွေ ထပ်လုပ်မှာ စိုးရိမ်နေ
ကျားဖြန့် လုပ်ဖူးသူတွေ အွန်လိုင်း ငွေလိမ်မှုတွေ ထပ်လုပ်မှာ စိုးရိမ်နေ

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာရှိတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းဆိုက်တွေမှာ အလုပ်လုပ် ခဲ့သူတွေဟာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျားဖြန့်ရှင်းလင်းရေးအစီအစဉ်တွေကြောင့် ပြည်တွင်းက မြို့ကြီးတွေကို ရွှေ့ပြောင်းသွားကြသလို ဇာတိမြေတွေကိုလည်း ပြန်ရောက်လာကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သူတို့တွေဟာ နည်းလမ်းပေါင်းစုံနဲ့ ငွေကြေးလိမ်လည်သူတွေဖြစ်ခဲ့တာကြောင့် ရောက်တဲ့နေရာဒေသတွေမှာ ဒီလုပ်ငန်းတွေဆက်ပြီး လည်ပတ်မှာကို ပြည်သူတွေအကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။ ဒီအပေါ် အာဏာပိုင်တွေဘက်က ဘယ်လိုပုံစံနဲ့ အရေးယူဆောင်ရွက်သွားမှာပါလဲ။

အပြည့်အစုံကို မသူဇာလင်းက ပြောပြပေးသွားမှာပါ။