သန်းခေါင်စာရင်းအမီ ရေဘေးရှောင်တွေ အိမ်ပြန်ရေး စစ်ကောင်စီလုပ်မယ်
သန်းခေါင်စာရင်းအမီ ရေဘေးရှောင်တွေ အိမ်ပြန်ရေး စစ်ကောင်စီလုပ်မယ်
အောက်တိုဘာလ ၁ ရက်နေ့မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းစတင်ကောက်ယူမှာကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းမှာရှိနေတဲ့ ပြည်သူတွေ နေရပ်အမြန်ဆုံးပြန်နိုင်ရေး ဆောင်ရွက်ဖို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။ လက်ရှိမှာ ရေမကျသေးတဲ့နေရာတွေ ရှိနေသေးသလို ရွာလုံးကျွတ် နေအိမ်တွေ ပျက်စီးသွားတဲ့ နေရာတွေလည်းရှိနေတာကြောင့် ပြည်သူတွေ နေရပ်အမြန်ဆုံး ပြန်နိုင်ဖို့က လွယ်ကူပါ့မလား။ ဒီအခြေအနေတွေကို ကိုမောင်က ပြောပြမှာပါ။



