အမေရိကန်မှာ ဆောင်းမုန်တိုင်းတိုက်
အမေရိကန်မှာ ဆောင်းမုန်တိုင်းတိုက်
အမေရိကန် ပြည်ထောင်စု တလွှား နှင်းတွေ ထူထပ်စွာ ကျနေသလို၊ ရေခဲတမျှ အေးတဲ့ မိုးတွေ ရွာသွန်းပြီး သုညမှတ်အောက် ရောက်နေတဲ့ အပူချိန်တွေရဲ့ ဒဏ်ကို လူသန်းပေါင်းများစွာ ခံနေကြရပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့ခြမ်းကို ဆောင်းရာသီ မုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်သွားရာမှာ လူ ၅ ဦးထက် မနည်း သေဆုံးခဲ့ရပါတယ်။ လူ ထောင်သောင်းချီပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရသလို လေကြောင်း ခရီးစဉ် ထောင်ပေါင်းများစွာကိုလည်း ဖျက်သိမ်း ဒါမှမဟုတ် အချိန်နောက်ကျထွက်ရတာတွေ ဖြစ်ခဲ့ပါတယ်။ ကျောင်းတွေ၊ တက္ကသိုလ် ကောလိပ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေပါမကျန် ဆောင်းရာသီ မုန်တိုင်းဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။ ဘီဘီစီရဲ့ မြောက်အမေရိကဆိုင်ရာ သတင်းထောက် ဒေးဗစ် ဝီလစ္စက ပေးပို့ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။



