ယူကရိန်း စစ်ပွဲ ၂ နှစ်ပြည့်နဲ့ ရုရှားနိုင်ငံအပြောင်းအလဲ
ယူကရိန်းထဲကို ရုရှား တပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ဖို့ သမ္မတ ဗလာဒီမီယာ ပူတင် အမိန့်ပေးခဲ့တာ မနက်ဖန် စနေနေ့ဟာ ၂ နှစ်ပြည့်မြောက်တဲ့နေဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သမ္မတ ပူတင်က ယူကရိန်းမှာ တိုက်ပွဲဝင်နေတဲ့ ရုရှားစစ်သည်တွေကို စစ်မှန်တဲ့ သူရဲကောင်းတွေ အဖြစ် ချီးကျူးပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ရုရှား အနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ စစ်သည် တစ်သိန်းတစ်သောင်းကျော် သေဆုံးခဲ့တယ်ဆိုတာကို ဘီဘီစီက နောက်ဆုံး ရရှိတဲ့ စာရင်း အချက်အလက်တွေမှာ ဖော်ပြနေပါတယ်။ စစ်ရဲ့ အဆိုးရွားဆုံး အခြေအနေတွေကို ယူကရိန်းမှာ တွေ့ကြုံခဲ့ရသလို ၊ ရုရှားရဲ့ မြို့ကြီးတွေမှာလည်း လက်နက်ကြီးဒဏ်ကို ခံခဲ့ရပါတယ်။ ဒါ့အပြင် သောင်းနဲ့ချီတဲ့လူတွေကိုလည်း စစ်မှုထမ်းဖို့ ဆင့်ခေါ်ခဲ့ရပါတယ်။ စစ်ပွဲကြောင့် ရုရှားနိုင်ငံနဲ့ ပြည်သူတွေကြားမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါသလဲ။ ဘီဘီစီ ရုရှားရေးရာ အယ်ဒီတာ စတိဗ် ရိုဇင်ဘဂ် ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။



