မြန်မာ့ပို့ကုန်အပေါ် အမေရိကန် အခွန် ၄၀ ရာခိုင်နှုန်း ကောက်မယ်
မြန်မာ့ပို့ကုန်အပေါ် အမေရိကန် အခွန် ၄၀ ရာခိုင်နှုန်း ကောက်မယ်
မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့မယ့်ကုန်စည်တွေအားလုံးအတွက် အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာစစ်ခေါင်းဆောင်ထံ စာပေးပို့ခဲ့ပါတယ်။ လာမယ့်သြဂုတ် ၁ ရက်နေ့မှာ ဒီအခွန်ကောက်ခံမှု စတင်အသက်ဝင်တော့မှာဖြစ်ပြီး အမေရိကန်ရဲ့အခွန်တိုးမြှင့်ကောက်ခံမှုက မြန်မာနိုင်ငံကို ဘယ်လိုသက်ရောက်မှု ရှိနိုင်ပါသလဲ။ အမေရိကန်က စီးပွားရေးပိတ်ဆို့ထားတဲ့ မြန်မာကိုပါ အခွန် တိုးကောက်မယ့်နိုင်ငံတွေထဲ ဘာကြောင့် ထည့်ရတာပါလဲ။ အကြောင်းစုံကို မရွှေပိုးနီက ပြောပြပေးမှာပါ။



