ARSA အဖွဲ့ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

ဗီဒီယို ပုံစာ, ARSA အဖွဲ့ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ARSA အဖွဲ့ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

အာရကန်ရိုဟင်ဂျာ ကယ်တင်ခြင်းတပ် ARSA အဖွဲ့ ခေါင်းဆောင် အာတာအူလာ အပါအဝင် ဆက်နွှယ်သူ ၁၀ ဦး ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မတ်လ ၁၇ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် အင်အားကြီးထွားလာခဲ့တဲ့ ARSA အဖွဲ့ ခေါင်းဆောင် အာတာအူလာကို ဖမ်းဆီးဖို့ တိုက်တွန်းမှုတွေရှိပေမဲ့ ၁၀ နှစ်နီးပါးအကြာမှ သူ့ကိုဖမ်းနိုင်ခဲ့တာပါ။ သူဘာကြောင့် အဖမ်းခံခဲ့ရတာလဲ။ အပြည့်အစုံကို ကိုဝေဖြိုးက ပြောပါမယ်။