ပုပ်ရဟန်းမင်းသစ် ကက်သလစ် အသင်းတော်ကို ဘယ်လို ဦးဆောင်မှာလဲ
ပုပ်ရဟန်းမင်းကြီး ၁၄ ယောက်မြောက် လီယိုဟာ ရွေးချယ်တင်မြောက်ခံရပြီးတဲ့ နောက်မှာ ပထမဆုံး တရားနာကြားမှုကို ဦးဆောင်ကျင်းပခဲ့ပါတယ်။ ကက်သလစ် အသင်းတော်အနေနဲ့ အမှောင်ညတွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာကိုအလင်းရောင်တွေ ယူဆောင်လာပေးချင်တယ် ဆိုပြီး ပုပ်ရဟန်းမင်းကြီးက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်တုန်းက ပုပ်ရဟန်းမင်းကြီး ရွေးချယ်ဖို့ စုဝေး ရောက်ရှိနေကြတဲ့ ကမ္ဘာ အရပ်ရပ်က ရဟန်းအမတ် ကာဒီနယ်တွေ စုပေါင်းပြီး တရားနာကြားမှုတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်က ကာဒီနယ် ရောဘတ် ပရီဗော့စ် ဟာ အခုအခါမှာ ဘာသာဝင်ပေါင်း ၁ ဒသမ ၄ ဘီလျီကျော် ရှိတဲ့ ကက်သလစ် ခရစ်ယာန် အသင်းတော်ရဲ့ အကြီးအကဲ ဖြစ်လာပါပြီ။ ကာဒီနယ်ပေါင်း ၁၃၃ ယောက် က ပုပ်ရဟန်းမင်းကြီး အသစ်ကို လျင်လျင်မြန်မြန်နဲ့ ရွေးချယ် တင်မြှောက် နိုင်ခဲ့တာကလည်း စည်းလုံးညီညွတ်တဲ့ အသင်းတော် အဖြစ် ရှုမြင်ခဲ့ကြပါတယ်။ ဆိုတော့ ကက်သလစ် အသင်းတော်ကို ပုပ်ရဟန်းမင်းကြီးက ဘယ်လို ဦးဆောင်မှုတွေ ပေးသွားမှာပါလဲ။ ဘီဘီစီ သတင်းထောက် မက် အီစတန်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။



