အစ္စရေးမှာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှု ၁ နှစ်ပြည့် ကျင်းပ

ဗီဒီယို ပုံစာ, အစ္စရေးမှာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှု ၁ နှစ်ပြည့် ကျင်းပ
အစ္စရေးမှာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှု ၁ နှစ်ပြည့် ကျင်းပ

အစ္စရေးမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်တိုက်ခိုက်ခံရမှု ၁ နှစ်ပြည့်တဲ့ နှစ်ပတ်လည် အောက်မေ့ခြင်း အခမ်းအနားတွေကို ကျင်းပနေကြပါတယ်။ အဲဒီနေ့က ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး နိုင်ငံသား ၁၂၀၀ နီးပါး သေဆုံးခဲ့ရပြီး ၂၅၁ ယောက် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဂါဇာနဲ့ နယ်စပ်အနီး ကစ်ဘုတ်ဇ် ဖာအာဇာကနေ ဘီဘီစီရဲ့ နိုင်ငံတကာ ရေးရာ အယ်ဒီတာ ဂျယ်ရမီ ဘိုဝင်က ပြီးခဲ့တဲ့ ၁၂ လတာ စစ်ပွဲတွေနဲ့ ပတ်သက်လို့ ပြောပြထားတာကို ကိုကျော်ဇေယျက ပြန်ပြောပြပါမယ်။