မြန်မာအကျဉ်းထောင်တွေက လူ့အခွင့်အရေးချိုးဖောက်မှု

ဗီဒီယို ပုံစာ, မြန်မာအကျဉ်းထောင်တွေက လူ့အခွင့်အရေးချိုးဖောက်မှု
မြန်မာအကျဉ်းထောင်တွေက လူ့အခွင့်အရေးချိုးဖောက်မှု

၁၉၈၈ တုန်းက စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကို ရဲတပ်ဖွဲ့က ပစ်ခတ်လို့ ကျဆုံးခဲ့တဲ့ မတ်လ ၁၃ နေ့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် ဒီမိုကရေစီရေး လှုပ်ရှားသူတွေက သတ်မှတ်ခဲ့ကြပေမဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေက ဒီနေ့ထိ တိုးတက်မလာသေးဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ပြကြပါတယ်။

မြန်မာနိုင်ငံတဝန်း နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေသလို အကျဥ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ နိုင်ငံရေးအကျဥ်းသား အသိုင်းဝိုင်းနဲ့ ကာယကံရှင်မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ကိုမိုးမြင့်က ‌ပြောပြမှာပါ။