နယူးဟမ်ရှိုင်းယားမှာ ထရမ့်နိုင်
နယူးဟမ်ရှိုင်းယားမှာ ထရမ့်နိုင်
အမေရိကန်ပြည်ထောင်စုမှာတော့ ရစ်ပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတလောင်း ရွေးပွဲတွေမှာ ဒေါ်နယ်ထရမ့်က အရေးကြီးတဲ့ နေရာတခုမှာ ထပ်မံ အောင်ပွဲခံနိုင်ခဲ့ ပါတယ် ။ နယူးဟမ်ရှိုင်းယားမှာ ကျင်းပတဲ့ ပါရီတွင်း သမ္မတလောင်း ရွေးကောက်ပွဲမှာ သူ့ ရဲ့ ပြိုင်ဘက် နစ်ကီ ဟေလီကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နစ်ကစ်ဟေလီကတော့ ပွဲပြီးဖို့ အဝေးကြီး လိုပါသေးတယ်လို့ ဆိုပါတယ်။ မြောက်အမေရိက ဆိုင်ရာ သတင်းထောက် နီမီယာ အစ်ခ်ဘားလ်ရဲ့သတင်းကို မသီရိဇော်က ပြောပြထားပါတယ် ။



