ရာသီဥတုပြောင်းလဲမှုကို တရုတ်လျှပ်စစ်ကား တားနိုင်မလား

ဗီဒီယို ပုံစာ, ရာသီဥတုပြောင်းလဲမှုကို တရုတ်လျှပ်စစ်ကား တားနိုင်မလား
ရာသီဥတုပြောင်းလဲမှုကို တရုတ်လျှပ်စစ်ကား တားနိုင်မလား

တရုတ်ဟာ ကမ္ဘာပေါ်မှာ လေထု ညစ်ညမ်းမှု အများဆုံး ဖြစ်စေတဲ့ နိုင်ငံတခု ဖြစ်သလို တဖက်မှာလည်း အဲဒီလို လေထုကို ညစ်ညမ်းစေတဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို ဦးဆောင် ဖြေရှင်းပေးနေတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။ သူတို့လောက် ဘယ်နိုင်ငံမှ လျှပ်စစ်ကားတွေ၊ နေရောင်ခြည် စွမ်းအင်သုံး ပစ္စည်းတွေ မထုတ်နိုင်ကြပါဘူး။ တဖက်မှာ တရုတ်ရဲ့ ကာဘွန်ထုတ်လွှတ်မှုတွေဟာ နောက်နှစ်ဆန်းပိုင်းမှာ အမြင့်ဆုံးကို ရောက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ရှိပါတယ်။ အဲဒီအခါမှာ ကမ္ဘာ့ အပူချိန်ဟာ လုံခြုံစိတ်ချရတဲ့ အတိုင်းအတာထဲမှာပဲ ဆက်ရှိနေဖို့ အရေးမှာပါ သက်ရောက်မှုတွေ ရှိလာမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ တရုတ်အခြေစိုက် ဘီဘီစီ သတင်းထောက် စတီဗင် မက်ဒေါနယ်ရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။