တရုတ် မြန်မာ နယ်စပ် အခြေအနေ
မြန်မာနိုင်ငံက ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်း တရုတ် နိုင်ငံဟာ နယ်စပ်မှာ တံတိုင်းတွေ ဆောက်လုပ်တာ၊ စစ်ရေး လေ့ကျင့်တာတွေ လုပ်ဆောင်ပြီး သူ့ရဲ့ နယ်စပ်ကို အခိုင်အမာ ကာကွယ်မှုတွေ လုပ်ခဲ့ပါတယ်။ ဘေဂျင်း အနေနဲ့ သူတို့ရဲ့ ထိပ်တန်း သံတမန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိကို မြန်မာ နိုင်ငံကို စေလွှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်လုပ်ဖို့နဲ့ စစ်တပ်က ကတိပေးထားတဲ့ အတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ စစ်အာဏာရှင်တွေကို စည်းရုံးကြိုးပမ်း ခဲ့ပါသေးတယ်။ ဒါပေမဲ့ တရုတ် နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးတဲ့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ စစ်တပ်တို့ အကြား အပစ်အခတ် ရပ်စဲရေး ပျက်ပြား သွားပြီးနောက်မှာတော့ တိုက်ပွဲတွေကြောင့် နယ်စပ် တစ်လျှောက်မှာ မတည်ငြိမ်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေဟာ နယ်စပ်က အရေးပါတဲ့ မြို့ကြီးတွေကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ပြည်တွင်းစစ်မှာ အချိုးအကွေ့ တစ်ခု ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ယူဆထားကြပါတယ်။ ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာ တရုတ် မြန်မာ နယ်စပ်မြို့ကနေ ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြပေးထားပါတယ်။



