မိုးကုတ်ကို ဘယ်သူတွေ ထိန်းချုပ်ထားသလဲ

ဗီဒီယို ပုံစာ, မိုးကုတ်ကို ဘယ်သူတွေ ထိန်းချုပ်ထားသလဲ
မိုးကုတ်ကို ဘယ်သူတွေ ထိန်းချုပ်ထားသလဲ

တအောင်းတပ် TNLA က တရုတ်ဖိအားကြောင့် မိုးကုတ်နဲ့ မိုးမိတ်ကို စစ်တပ်ထံ ပြန်ပေးမယ်လို့ ကြေညာထားတာ တစ်ပတ်ပြည့်ပါတော့မယ်။ နှစ်ဖက်အပစ်ရပ်ထားတာလည်း ငါးရက်ကျော်လာပါပြီ။ တော်လှန်ရေးတပ်တွေနေရာယူလိုက်တဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့ထဲကို ဒီနေ့ နိုဝင်ဘာ ၅ ရက်အထိ စစ်တပ်ဝင်ရောက်မလာသေးပါဘူး။ ဒါ့အပြင် ကမ္ဘာကျော်ပတ္တမြားထွက်ရှိတဲ့ မိုးကုတ်က ကျောက်မျက်တွင်းတွေကိုရော TNLA ထွက်ခွာသွားတဲ့နောက်ဘယ်သူတွေထိန်းချုပ်မှုအောက်မှာရှိနေပါသလဲ။ မိုးကုတ်မြို့နောက်ဆုံးရအခြေအနေကို ကိုသန့်ဇင်က ပြောပြမှာပါ။