ကာတာထဲကို အစ္စရေးတိုက်ခိုက်မှု နိုင်ငံတကာ ဝေဖန်ပြစ်တင်
ကာတာထဲကို အစ္စရေးတိုက်ခိုက်မှု နိုင်ငံတကာ ဝေဖန်ပြစ်တင်
အစ္စရေးက ကာတာထဲကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဖိအားတွေ တိုးလာနေပါတယ်။ ပြည်ပရောက် ဟားမတ်စ် ခေါင်းဆောင်တွေ အခြေချနေထိုင်နေကြတဲ့ ကာတာက ဒိုဟာမြို့တော်ထဲက ပစ်မှတ်ကို အစ္စရေးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် လူ ၆ ဦးသေဆုံးခဲ့ပေမဲ့ ခေါင်းဆောင်ပိုင်းက တယောက်မှ မပါကြောင်း ဟားမတ်စ်က ပြောပါတယ်။ အမေရိကန် သမ္မတဒေါ်နယ် ထရမ့် ကလည်း ဒီလို အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတခုထဲကို တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တော်တော် စိတ်ပျက်မိကြောင်း ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း ဒီနေ့ညပိုင်း အရေးပေါ် အစည်းအဝေး ကျင်းပဖို့ ရှိပါတယ်။ ဘီဘီစီရဲ့ နိုင်ငံတကာရေးရာ အယ်ဒီတာ ဂျယ်ရမီ ဘိုဝင် ရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြပေးမှာပါ။



