ကလေးသူငယ်တွေကို လိင်စော်ကားပုံတွေ အရောင်းအဝယ်လုပ်နေကြ
အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လိင်ပိုင်းစော်ကားတဲ့ ပုံရိပ်တွေကို ကမ္ဘာတဝန်း အရောင်းအဝယ်လုပ်နေကြတာ ဒေါ်လာ ဘီလျံများစွာတန်နေပြီ ဖြစ်တယ်လို့ ဥပဒေစိုးမိုးရေး အရာရှိတွေက ပြောပါတယ်။ သူတို့ အဆိုအရ လူမှုကွန်ရက်တွေကြောင့်လည်း ဒီလို ရောင်းဝယ်နေနိုင်ကြတာ ဖြစ်ပါတယ်။ ဘီဘီစီက လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု တခုမှာလည်း အိတ်စ် ပေါ်က အကောင့်တွေကို စုံစမ်းခဲ့ရာမှာ စော်ကားခံရသူက အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပြီး ရောင်းချသူက အင်ဒိုနီးရှားမှာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ သူဒီလို စော်ကားခံခဲ့ရတာ နှစ်ပေါင်း အတော်ကြာပြီးမှ အဲဒီတုန်းက ပုံရိပ်တွေကို ရောင်းဝယ် လုပ်ပြီး ထပ်မံ စော်ကားခံနေရတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။ ဘီဘီစီသတင်းထောက် အန်းဂတ်စ် ခရောဖို့ဒ်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။ အခုသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေပါတဲ့ အကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။



