မလေးရှား တရားမဝင်လုပ်သားဖမ်းဆီးမှု မြန်မာ အများဆုံးပါဝင်
မလေးရှား တရားမဝင်လုပ်သားဖမ်းဆီးမှု မြန်မာ အများဆုံးပါဝင်
မလေးရှားနိုင်ငံမှာ တရားမဝင်ရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးမှုတွေ အရင်ထက် ပိုတိုးလာနေပါတယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်ကစလို့ ဖမ်းမိတဲ့သူတွေကို မလေးရှားနိုင်ငံထဲကနေ သက်ဆိုင်ရာနိုင်ငံတွေဆီ အတင်းအကျပ် ပြန်ပို့နေပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေအများဆုံးပါဝင်နေတယ်လို့ မလေးရှားရောက်မြန်မာတွေနဲ့ ကာယကံရှင်တွေက ပြောပါတယ်။ မလေးရှားအာဏာပိုင်တွေဘက်က ဘာကြောင့် ဒီလိုလုပ်ဆောင်လာတာပါလဲ။ ဒီကြောင်းကို ကိုမြင့်လွင်က ပြောပြပါမယ်။



