ယူကရိန်း စစ်ရေးကူညီမှုတွေကို အမေရိကန်ဆိုင်းငံ့

ဗီဒီယို ပုံစာ, အမေရိကန် ယူကရိန်း စစ်ရေးကူညီမှု ဆိုင်းငံ့
ယူကရိန်း စစ်ရေးကူညီမှုတွေကို အမေရိကန်ဆိုင်းငံ့

အမေရိကန် သမ္မတ ထရမ့်က အိမ်ဖြူတော်က ဘဲဥပုံ ရုံးခန်းမှာ သူနဲ့ သမ္မတ ဇလန်းစကီးတို့ အချေအတင် ဖြစ်ခဲ့ပြီး နောက်တနေ့မှာပဲ အမေရိကန်က ကိယဗ်အတွက် ပေးနေတဲ့ စစ်ရေးအကူအညီတွေကို ဆိုင်းငံ့လိုက်ပါတယ်။ အခုလို ဆိုင်းငံ့လိုက်တဲ့ အထဲမှာ လမ်းတဝက်ကိုရောက်နေပြီးဖြစ်တဲ့ စစ်လက်နက် ပစ္စည်းတွေပါ အကုန်ပါဝင်ပါတယ်။ ဖောက်စ် သတင်းဌာနနဲ့ တွေ့ဆုံမှုမှာ ဒုတိယ သမ္မတ ဂျေဒီ ဗန့်စ်က ဇလန်းစကီးကသာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လိုလားတယ်ဆိုရင် တံခါး ဖွင့်ထားတယ်လို့ ပြောပါတယ်။ ဘီဘီစီရဲ့ မြောက်အမေရိက သတင်းထောက် ဒေးဗစ် ဝီလစ်က ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။