KBZ Pay ကနေ ငွေအများအပြား ခိုးထုတ်မှုတွေ ဖြစ်ပွား
အွန်လိုင်း အသုံးပြု ဒစ်ဂျစ်တယ်ငွေကြေး အပလီကေးရှင်း ဖြစ်တဲ့ KBZ Pay ကနေ ငွေကြေး အများအပြား ခိုးထုတ်တာတွေကို နှစ်သစ်ကူးရုံး ပိတ်ရက်ကာလမှာ K Pay အသုံးပြုသူတချို့ ကြုံတွေ့ခဲ့ရပြီး စုစုပေါင်းငွေကြေး သိန်း ရာဂဏန်းနဲ့ချီ နစ်နာဆုံးရှုံးမှုတွေရှိနေပါတယ်။ ငွေကြေးဆုံးရှုံးသွားသူတွေက အာဏာပိုင်တွေထံ တိုင်ကြားရာမှာလည်း အခက်အခဲတွေရှိနေသလို သက်ဆိုင်ရာ ဘဏ်လုပ်ငန်းဘက်ကလည်း လုံလောက်တဲ့ဖြေရှင်းပေးမှု မရှိဘူးလို့ ပြောကြပါတယ်။ ဒီအကြောင်း ကိုဝေဖြိုးက ပြောပြပေးပါမယ်။
ထပ်မံဖြည့်စွက်ချက် - ငွေကြေးနစ်နာဆုံးရှုံးမှုရှိခဲ့သူတချို့ထံ KBZ call center က ဒီဇင်ဘာ ၃၁ ရက် ညပိုင်းမှာ ပြန်လည်ဆက်သွယ်ပြီး ဆုံးရှုံးသွားတဲ့ငွေတွေကို ပြန်လွှဲပေးလာကြောင်း ငွေကြေးပြန်ရသူတွေက ဘီဘီစီထံ ဆက်သွယ်ပြောကြားလာပါတယ်။ ငွေပြန်လည်ရရှိကြောင်း လူမှုကွန်ရက်မှာ ပို့စ်ပြန်တင်ဖို့ KBZ ဘက်က တောင်းဆိုခဲ့တယ်လို့လည်း ကာယကံရှင်တွေက ပြောပါတယ်။



