ဆီးရီးယားက လူနည်းစုတွေရဲ့ စိုးရိမ်မှု

ဗီဒီယို ပုံစာ, ဆီးရီးယားက လူနည်းစုတွေရဲ့ စိုးရိမ်မှု
ဆီးရီးယားက လူနည်းစုတွေရဲ့ စိုးရိမ်မှု

ဆီးရီးယား ခေါင်းဆောင်သစ် အာမက် အဲလ် ရှာရာက နိုင်ငံတွင်းက လက်နက်တွေ အားလုံးကို ထိန်းချုပ်ထားကြောင်းနဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေကိုလည်း မကြာမီမှာ ဖျက်သိမ်းပြီး စစ်တပ်ထဲ ပူးပေါင်း ပါဝင်စေမှာဖြစ်ကြောင်း ပြောပါတယ်။ သူ့ရဲ့ ဟာရတ် တဟီရာ အဲလ်ရှမ် အဖွဲ့ ဟာ သမ္မတ ဘာရှာ အဲလ် အာဆတ်ကို ဖြုတ်ချရာမှာ အဓိက နေရာက ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် တချိန်က အဲလ်ကာရီးယား အဖွဲ့နဲ့ ဆက်နွယ်ခဲ့ဖူးတဲ့ အစ္စလာမ်မစ် အဖွဲ့ ဖြစ်တာကြောင့် ဆီးရီးယား အတွင်းက မတူကွဲပြားတဲ့ လူနည်းစုတွေ ဘာသာခြားတွေ အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဘီဘီစီ သတင်းထောက် ယိုဂီတာ လင်မယဲ က ဆီးရီးယား တောင်ပိုင်း ဆူဝဲဒါ မြို့မှာရှိတဲ့ လူနည်းစု အသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံနိုင်ခဲ့ပါတယ်။ သူပေးပို့ထားတဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။