တရုတ်လုပ်ငန်းတွေ နိုင်ငံ ပြင်ပမှာ အခြေချလာ

ဗီဒီယို ပုံစာ, တရုတ်လုပ်ငန်းတွေ နိုင်ငံ ပြင်ပမှာ အခြေချလာ
တရုတ်လုပ်ငန်းတွေ နိုင်ငံ ပြင်ပမှာ အခြေချလာ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့ အပြီးမှာ ဥရောပသမဂ္ဂ အပေါ်မှာလည်း ကုန်သွယ်ရာမှာ အခွန်နှုန်းထားအသစ်တွေ ပြဋ္ဌာန်းသွားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ သူက ယူကေကိုလည်း စည်းကြပ်မှုတွေ လုပ်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက အမေရိကန်သမ္မတက ကနဒေါနဲ့ မက္ကဆီကိုတို့ဆီက တင်ပို့လာတဲ့ သွင်းကုန်တွေအပေါ်မှာ ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။ နောက် ပြီး တရုတ်ကိုလည်း ရှိပြီးသား အခွန်နှုန်းတွေထက်မှာ နောက်ထပ် ၁၀ ရာခိုင်နှုန်း တိုးကောက်မယ်လို့ ပြောပါတယ်။

အဲဒီ ၃ နိုင်ငံစလုံးကလည်း တုံ့ပြန်မယ်လို့ ပြောကြပါတယ်။ အဲဒါကြောင့် ကုန်သွယ်စစ်ပွဲတွေ ဖြစ်လာတော့မလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာနေသလို ကုန်ဈေးနှုန်းတွေလည်း တက်လာပါတယ်။ တရုတ် စီးပွားရေး လုပ်ငန်းတွေကတော့ သူတို့ အပေါ် စည်းကြပ်မယ့် အခွန်နှုန်းထားသစ်တွေ လာနေပြီဆိုတာ နားလည်ထားကြပြီး ဖြစ်ပါတယ်။

ဒါကြောင့်လည်း လုပ်သင့် လုပ်ထိုက်တာတွေလုပ်ပြီး ကြိုတင်ပြင်ဆင်ထားကြပါတယ်။ တချို့လုပ်ငန်းတွေဆို တရုတ်ပြည်တွင်းမှာတောင် မဟုတ်တော့ဘဲ ကမ္ဘောဒီးယား အပါအဝင် ပြည်ပနိုင်ငံတွေမှာ ပြောင်းရွှေ့ ပြီး စတင်လည်ပတ် ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။

ဘီဘီစီ သတင်းထောက် လော်ရာဘစ်ကာ ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။