အီရန်ကို ဗုံးကြဲမှု သမိုင်းတွင်မယ်လို့ ထရမ့်ပြော
အီရန်ကို ဗုံးကြဲမှု သမိုင်းတွင်မယ်လို့ ထရမ့်ပြော
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်က အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်လို့ သမိုင်းတွင်မယ့် လုပ်ရပ်ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ နောက်ပြီး သူ့ အကြံပေးတွေက အမေရိကန်ရဲ့ ရည်ရွယ်ချက် မဟုတ်ကြောင်း ပြောထားတဲ့ ကြားကပဲ အီရန်ခေါင်းဆောင်ပိုင်းဖြုတ်ချရေးကိုလည်း ထည့်ပြောခဲ့ပါတယ်။ အီရန်စစ်တပ်ရဲ့ အဓိက အင်အားစုကြီး တရပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အရံတပ်တွေက ဒေသတွင်းက အမေရိကန်စစ်အခြေစိုက် စခန်းတွေကပဲ အမေရိကန်ရဲ့ အားနည်းချက် ဖြစ်နေကြောင်း သတိပေးလိုက်ပါတယ်။ ဘီဘီစီ ကမ္ဘာ့ရေးရာ သတင်းထောက် ဂျိးမ်စ် အင်ဝုဒ် ပေးပို့ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။



