ဒေါ်နယ် ထရမ့် အခွန်နှုန်းသစ်နဲ့ ထိုင်း နိုင်ငံ စီးပွားရေး
နိုင်ငံပေါင်း ၇၀ ကို အခွန်နှုန်းထား အသစ်တွေ ကောက်ခံဖို့ သမ္မတ ဒေါ်နယ် ထရမ်ရဲ့ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ကနေဒါ နိုင်ငံတွေက ဝေဖန်လိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှု ဝါဒဟာ အားလုံးကို ထိခိုက်စေတယ်လို့ တရုတ် ပြောရေး ဆိုခွင့်ရှိသူက ပြောကြားပါတယ်။ သမ္မတ ထရမ့်ရဲ့ ၁၀ ရာခိုင်နှုန်း ကနေ ၄၁ ရာခိုင်နှုန်း အထိ ရှိတဲ့ အခွန်တိုးမြှင့် ကောက်ခံမှုတွေက လာမယ့် ကြာသပတေးနေ့မှာ စတင်သက်ဝင်မှာ ဖြစ်ပြီး နောက်ထပ် ဆွေးနွေးမှုတွေ ဖြစ်လာဖို့ အချိန်ပေးထားပါတယ်။
သမ္မတ ထရမ့်ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အခွန်ကောက်ခံမှု နှုန်းထားတွေကြောင့် ကမ္ဘာ့ စျေးကွက်မှာ စိတ်သက်သာရာရမှု၊ စိတ်ပျက်မှု၊ မသေချာမရေရာမှု စတဲ့ ရောထွေးတဲ့ တုံ့ပြန်မှုတွေ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံကတော့ အမေရိကန်ကို တင်ပို့တဲ့ ပို့ကုန်တွေ အပေါ်မှာ အများကြီး မှီခိုအားထားနေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒေသတွင်းက အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်တို့နည်းတူ အခွန် ၃၆ ရာခိုင်နှုန်း စည်းကြပ်ခံရမှုနဲ့ ရင်ဆိုင်ရမှာ မဟုတ်တော့ဘဲ အခွန် ၁၉ ရာခိုင်နှုန်း နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ဂျွန်နသန် ဟက်ဒ် ဘန်ကောက်မြို့ကနေ ပေးပို့ထားတဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။



