အီရန်နိုင်ငံတွင်းက အခြေအနေ
အီရန်နိုင်ငံတွင်းက အခြေအနေ
အီရန် နိုင်ငံမှာ အဆိုးရွားဆုံး အင်တာနက် ဖြတ်တောက်မှုတွေ နဲ့ ကြုံနေရတယ်လို့ ဒီဂျစ်တယ် အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ လူပေါင်း ၉၁ သန်းနီးပါဟာ ကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ခံထားရတာ ၂ ရက်နီးပါး ရှိလာပါပြီ။ ပြည်ပ နိုင်ငံတွေမှာ နေထိုင်နေကြတဲ့ အီရန်တွေ အနေနဲ့ နိုင်ငံထဲမှာ ရှိကြတဲ့ သူတို့ရဲ့ မိသားစုတွေ အတွက် စိုးရိမ်နေကြပါပြီ။ ဘီဘီစီ ပါရှန်း ဌာနက သတင်းထောက် ဆာဗက် အာဒါလန် ပေးပို့ထားတဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးထားပါတယ်။



