ဝ စစ်ရေးအကူအညီရပ်တန့်မှု ဘယ်လို ရိုက်ခတ်နိုင်သလဲ
ဝ စစ်ရေးအကူအညီရပ်တန့်မှု ဘယ်လို ရိုက်ခတ်နိုင်သလဲ
တရုတ်ရဲ့ဖိအားပေးမှုကြောင့် ၀ ပြည် သွေးစည် ညီညွတ်ရေး တပ်မတော် UWSA က ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ကို တွေ့ဆုံပြီး စစ်ရေး ဆိုင်ရာ အကူအညီတွေ မပေးတော့ဘူးလို့ တရားဝင်ထုတ်ပြောလာပါတယ်။ မကြာခင်မှာပဲ ကိုးကန့်တပ်က တရားမဝင် လက်နက် ၆၀၀ ကျော်ထဲကနေ ၂၀၀ ကို တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းခဲ့ပြီး ကျန်လက်နက်တွေကိုဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန် လာပါတယ်။ တရုတ်ဖိအားကြောင့် လက်နက်စီးဆင်းမှုတွေရပ်တန့်သွားချိန်မှာ မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေသာမက ပြည်မဒေသက တော်လှန်ရေးတပ်ဖွဲ့တွေအပေါ်ပါ ရိုက်ခတ်မှုတွေ ရှိလာပါတယ်။ အပြည့်အစုံကို ကိုကျော်ဇေယျကပြောပြမှာပါ။



