ယူကရိန်း အပစ်ရပ်ရေး မတိုးတက်ရင် ထရမ့် ဆက်လုပ်မှာမဟုတ်

ဗီဒီယို ပုံစာ, ယူကရိန်းစစ် အပစ်ရပ်ရေး မတိုးတက်ရင် ထရမ့် ဆက်လုပ်ပေးမှာမဟုတ်
ယူကရိန်း အပစ်ရပ်ရေး မတိုးတက်ရင် ထရမ့် ဆက်လုပ်မှာမဟုတ်

ဒေါ်နယ်ထရမ့်က မော်စကိုနဲ့ ကိယဗ်အကြား အပစ်ရပ်ဆွေးနွေးရေးတွေ တိုးတက်မှု မပြရင် စစ်ပွဲပြီးဆုံးရေး အတွက် ကြိုးပမ်းနေတာတွေ ဆက်မလုပ်တော့ဘူးလို့ ပြောလိုက်ပါတယ်။ မစ္စတာထရမ့် က တနင်္လာနေ့က ရုရှားသမ္မတ ပူတင်နဲ့ ၂ နာရီကြာ ဖုန်းပြောအပြီးမှာ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ မစ္စတာ ပူတင်ကတော့ သူတို့ အကြား ပြောဆိုခဲ့တဲ့ စကားတွေဟာ အပြုသဘော ဆောင်တယ်လို့ ပြောပါတယ်။ မစ္စတာထရမ့်က ရုရှားနဲ့ ယူကရိန်းတို့ စစ်ပွဲပြီးဆုံးဖို့ အပစ်ရပ်ရေး ကိစ္စတွေ မကြာခင်စတင်ကြမယ်လို့ လည်း ဆိုပါတယ်။ မော်စကိုမြို့က ဘီဘီစီရဲ့ ရုရှားရေးရာ အယ်ဒီတာ စတိ ရိုဆင်ဘတ်ဂ်ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။