ဂါဇာ အငတ်ဘေး ကြုံနေရမှု အခြေအနေ
ဂါဇာ အငတ်ဘေး ကြုံနေရမှု အခြေအနေ
ဂါဇာမှာ အငတ်ဘေး ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီးက ကြေညာခဲ့တာ ၃လ ကျော်ရှိခဲ့ပေမယ့် လူတစ်သန်းခွဲလောက်ဟာ စားနပ်ရိက္ခာ ပြတ်လပ်မှု ဒဏ်ကို ခံစားနေရပါတယ်။ အောက်တိုဘာလ အစောပိုင်းကတည်းက အပစ်အခတ် ရပ်စဲ ထားပေမဲ့လည်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် လိုအပ်နေတဲ့ ထောက်ပံ့ကူညီရေး ပစ္စည်းတွေ ရောက်ရှိမှုဟာ အများကြီး နိမ့်ကျ နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဘက်က ပြောဆိုပါတယ်။ အကူအညီလိုအပ်နေသူတွေထဲမှာ မိုရာ တို့ မိသားစုလည်း ပါဝင်ပါတယ်။ သူတို့ရဲ့ ကလေးတွေဟာ အာဟာရ ချို့တဲ့မှုရဲ့ အကျိုးဆက်တွေကို ခံစားနေရပါတယ်။ ဘီဘီစီ သတင်းထောက် အမီရာ မက်ဟ်ဘီရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးထားပါတယ်။



