အာဇာနည်နေ့အကြို ရန်ကုန်မှာ လုံခြုံရေး တင်းကျပ်
အာဇာနည်နေ့အကြို ရန်ကုန်မှာ လုံခြုံရေး တင်းကျပ်
ဇူလိုင်လ ၁၉ ရက်နေ့ မနက်ဖြန်မှာ ကျရောက်မယ့် အာဇာနည်နေ့ အခမ်းအနားမတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းတွေကစလို့ ရန်ကုန် အာဇာနည်ကုန်း အနီးပတ်ဝန်းကျင်နဲ့ ဆက်စပ်နေရာတွေမှာ လုံခြုံရေးကို အရင်နှစ်တွေထက် ပိုမိုထူထပ်စွာချထားတာ တွေ့ရပါတယ်။ ဒါကြောင့် မနက်ဖြန်အာဇာနည်နေ့အခမ်းအနားကို ဖမ်းဆီးအကျဥ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မလားဆိုတဲ့ မှန်းဆချက်တွေရှိနေပါတယ်။ စစ်တပ် အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခွင့်မပေးခဲ့ပါဘူး။ ဒီနှစ်ရော အခြေအနေဘယ်လိုရှိနိုင်ပါသလဲ။ မညိုလဲ့ရည်က ပြောပြေပေးမှာပါ။



