တောင်ကိုရီးယားမှာ ရေကြီးမြေပြိုမှုတွေဖြစ်
တောင်ကိုရီးယားမှာ ရေကြီးမြေပြိုမှုတွေဖြစ်
တောင်ကိုရီးယားနိုင်ငံမှာ ရက်အတန်ကြာ မိုးများပြီး ရေကြီး မြေပြိုမှုတွေ ဖြစ်ခဲ့ရာမှာ လူ ၁၈ ဦးထက်မနည်း သေဆုံးသွားပါတယ်။ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေကြပေမဲ့ ပျောက်ဆုံးနေသူ အများအပြား ရှိနေသေးပြီး သေဆုံးသူအရေအတွက် ထပ်ပြီး တိုးလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ လမ်းတွေနဲ့ လူနေ အိမ်ခြေ ထောင်နဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဆိုးလ်မြို့တော်က ဘီဘီစီ သတင်းထောက် ဂျိတ်ခ် ကွမ် ပေးပို့ထားတဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။



