ဗြိတိသျှ ဝန်ကြီးချုပ်သစ် ဆာ ကီယာစတာမာ ဘယ်လိုလူလဲ

ဗီဒီယို ပုံစာ, ဗြိတိသျှ ဝန်ကြီးချုပ်သစ် ဆာ ကီယာစတာမာ ဘယ်လိုလူလဲ
ဗြိတိသျှ ဝန်ကြီးချုပ်သစ် ဆာ ကီယာစတာမာ ဘယ်လိုလူလဲ

ကီယာ စတာမာ နိုင်ငံရေး လောကထဲ ရောက်လာတာ ၁၀ နှစ် ဝန်းကျင်ပဲ ရှိပါသေးတယ်။ အဲဒီ မတိုင်ခင်က သူဟာ အင်္ဂလန်နဲ့ ဝေလနယ်မှာ အစိုးရရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ မဲဆန္ဒရှင်တွေကို မကြာခဏ ပြောပြတတ်တာက သူဟာ သာမန် အလုပ်သမား လူတန်းစားက ပေါက်ဖွားလာသူ၊ သူနာပြုမိခင်နဲ့ ကိရိယာ တန်ဆာပလာလုပ်သူ ဖခင်တို့က မွေးလာခဲ့သူ ဖြစ်တယ်ဆိုတာပါ။ ပြီးတော့ ကီယာ စတာမာဟာ သူ့မိသားစုမှာတော့ ပထမဆုံး တက္ကသိုလ်တက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ရှေ့နေ ဖြစ်ပြီးနောက် လူ့အခွင့်အရေး ဆိုင်ရာ အမှုကိစ္စတွေမှာ လိုက်ပါဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။ ကီယာ စတာမာဟာ ဘောလုံးဝါသနာအိုး တစ်ယောက် ဖြစ်ပြီး သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိပါတယ်။ ပါတီအကြီးအကဲ ဖြစ်လာပြီး နောက်ပိုင်းမှာတောင်မှ သူ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ သီတင်းပတ်ကုန်ပိုင်းတွေမှာ အပျော်တမ်း ဘောလုံး ကစားလေ့ ရှိသူ ဖြစ်ပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။