ရခိုင်မှာ စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထား
ရခိုင်မှာ စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထား
ရခိုင်မှာ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့နောက် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ် သွားလာနေတဲ့ ကုန်းလမ်း၊ ရေလမ်းတွေအပြင် ပြည်မနဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေကိုပါ စစ်ကောင်စီဘက်က ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို လမ်းတွေ ပိတ်ဆို့ခံနေရတဲ့အတွက် ရခိုင်ကို ရောက်နေတဲ့ ခရီးသွားဧည့်သည်တွေပါ ပိတ်မိနေပါတယ်။ အဲဒီက အခြေအနေကို ကိုရင်မောင်က ပြောပြမှာပါ။



