ကရင်နီအခြေစိုက် ဖက်ဒရယ် အဖ်အမ် ရေဒီယို
ကရင်နီအခြေစိုက် ဖက်ဒရယ် အဖ်အမ် ရေဒီယို
မြန်မာပြည်မှာ ငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။ ဒီလို လေကြောင်းဗုံးရန်တွေ ဆက်တိုက်ရှိနေခဲ့ပေမဲ့ ဒီမိုကရေစီလိုလားတဲ့လူငယ်တစုက သူတို့ရဲ့အသံလွှင့်ဌာနကို တောတွင်းတစ်နေရာမှာ ဆက်လက်ရပ်တည်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
ဖက်ဒရယ်အက်ဖ်အမ် ရေဒီယိုကို စစ်အာဏာသိမ်းပြီးနောက် ၁ လအကြာမှာ စတင်တည်ထောင်ခဲ့တာပါ။ အခုအခါမှာ ကရင်နီဒေသ တနေရာမှာ အခြေစိုက်ပြီး ဒေသခံ ပြည်သူတွေအတွက် အကျိုးရှိမယ့် ကျန်းမာရေးပညာပေးနဲ့ဖျော်ဖြေရေးအစီအစဥ်တွေအပြင် အရေးပေါ် လေကြောင်းရန် သတိပေးချက်တွေကို နေ့စဉ်ထုတ်လွှင့်ပေးနေပါတယ်။
ဒီရေဒီယိုကိုဦးဆောင်သူကိုတင့်နဲ့ဆက်သွယ်ပြီး ဦးကိုကိုအောင်က တင်ဆက်ပေးထားပါတယ်။



