တရုတ်ရဲ့ စစ်ရေးနဲ့ သံတမန်ရေး အင်အားပြတဲ့ စစ်ချီပွဲ

ဗီဒီယို ပုံစာ, တရုတ်ရဲ့ စစ်ရေးနဲ့ သံတမန်ရေး အင်အားပြတဲ့ စစ်ချီပွဲ
တရုတ်ရဲ့ စစ်ရေးနဲ့ သံတမန်ရေး အင်အားပြတဲ့ စစ်ချီပွဲ

အမေရိကန် သမ္မတက တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ ပူးပေါင်းပြီး အမေရိကန် အကျိုးယုတ်ဖို့ ကြံစည်နေကြတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်က ရှီကျင့်ဖျင်၊ ဗလာဒီမီယာ ပူတင်နဲ့ ကင်ဂျုံအွန်းတို့ ၃ ယောက် လူရှေ့သူရှေ့မှာ ပထမဆုံးအကြိမ် တန်းစီလမ်းလျှောက်ပြီး ညီညွတ်မှုကို ပြသခဲ့ကြပြီး နောက်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သူတို့တွေဟာ ဘေဂျင်းမြို့တော်မှာ ကျင်းပတဲ့ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အကြီးဆုံး စစ်ရေးပြပွဲကြီးကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ရှီကျင့်ဖျင်ကလည်း သူတို့ နိုင်ငံကို ဟန့်တားလို့ မရနိုင်တော့ဘူး လို့ ဆိုခဲ့ပြီး သူတို့ရဲ့ နည်းပညာမြင့် လက်နက်တွေကို ချီတက်ပွဲမှာချပြ ခဲ့ပါတယ်။ တချို့ကတော့ ဒါဟာ တခြား နိုင်ငံခေါင်းဆောင်တွေကို လက်နက်ရောင်းဖို့အတွက် ကြော်ငြာတာပဲလို့ ရှုမြင်ကြပါတယ်။ ဘေဂျင်းမြို့တော်က ဘီဘီစီ သတင်းထောက် စတီဗင် မက်ဒေါ်နယ်က ပေးပို့ထားတဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။