ယူကရိန်း အရှေ့ပိုင်း စစ်ရေး အခြေအနေ
ယူကရိန်း အရှေ့ပိုင်း စစ်ရေး အခြေအနေ
ပြီးခဲ့တဲ့ လပိုင်းက ယူကရိန်းက ရုရှားထဲကို ရုတ်တရက် ထိုးဖောက်ဝင်ရောက် တိုက်စစ်ဆင်ခဲ့ပြီးနောက်မှာ ယူကရိန်းလူထုအကြား စိတ်ခွန်အားတွေ နိုးထလာခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ ကရင်မလင်ကလည်း ဒုံးကျည်တွေသုံးပြီး အပြင်းအထန် ပစ်ခတ်တိုက်စစ်ဆင်မှုတွေ အကြိမ်ကြိမ် ပြန်လုပ်ခဲ့တာကြောင့် တချို့ အရေးကြီးတဲ့ စစ်မျက်နှာတွေမှာ အထိနာခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာ ရှိတဲ့ မဟာဗျူဟာကျတဲ့ ပေါ့ရော့ဗ်စ်ခ် မြို့မှာတော့ ယူကရိန်း တပ်တွေက ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်နေကြတဲ့ ကြားမှာပဲ ရှေ့တန်းဟာ မြို့နဲ့ ၈ ကီလိုမီတာပဲ ကွာတဲ့ နေရာအထိ ရောက်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြို့နေလူထု စစ်ဘေးလွတ်ဖို့ ရှောင်ပြေးနေကြရပါပြီ။ ဘီဘီစီ သတင်းထောက် အဗ္ဗဒူလ်ဂျာလီ အဗ်ဒူရာဆူလော့ဗ်ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။



