ပဲခူး ထန်းတပင်မှာ စစ်ကောင်စီ တပ်စခန်းတွေကို ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းယူ

ဗီဒီယို ပုံစာ, စစ်ကောင်စီစခန်းတွေကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့
ပဲခူး ထန်းတပင်မှာ စစ်ကောင်စီ တပ်စခန်းတွေကို ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းယူ

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးရွာက စစ်ကောင်စီစခန်းတွေ ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့ မနက်ခင်း မိုးလင်းပိုင်းကစလို့ ညနေပိုင်းအထိ တိုက်ပွဲတွေပြင်းထန်လျက် ရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောကြပါတယ်။ ပဲခူးက နောက်ဆုံးအခြေအနေကို ကိုဘိုဘို က ပြောပြပေးမှာပါ။