စစ်တွေ တိုက်ပွဲ အစကောင်းတယ်လို့ AA ပြော

ဗီဒီယို ပုံစာ, စစ်တွေ တိုက်ပွဲ အစကောင်းလို့ AA ပြော
စစ်တွေ တိုက်ပွဲ အစကောင်းတယ်လို့ AA ပြော

စစ်တွေမြို့နယ်အတွင်း ဩဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အင်အားသုံးဆယ်ကျော်ရဲ့ ရုပ်အလောင်းတွေနဲ့အတူ လက်နက်ငါးဆယ်ကျော်ကို အာရက္ခတပ်တော် AA က သိမ်းဆည်းရခဲ့ပြီး စစ်တွေမြို့ရဲ့ ပွဲဦးထွက်တိုက်ပွဲက ရလဒ်ကောင်းခဲ့တယ်လို့ AA က ပြောလာပါတယ်။ စစ်တွေမြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီဘက်က ခံစစ်စည်းတွေကို အထပ်ထပ်ပြင်ထားပြီး လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းထားတယ်လို့ သိရပါတယ်။ စစ်သင်္ဘောတွေနဲ့လည်း မြို့ကိုဝိုင်းထားတာကြောင့် စစ်တွေမြို့ကို သိမ်းပိုက်နိုင်ဖို့ လွယ်ကူတဲ့အခြေနေတော့ မဟုတ်ဘူးလို့လည်း ခန့်မှန်းနေကြပါတယ်။ ကိုဝေဖြိုးက ပြောပြမှာပါ။