ချီဖွေနဲ့ ဆော့လော် မြို့တွေကို ကေအိုင်အေ သိမ်းယူ

ဗီဒီယို ပုံစာ, ချီဖွေနဲ့ ဆော့လော် မြို့တွေကို ကေအိုင်အေ သိမ်းယူ
ချီဖွေနဲ့ ဆော့လော် မြို့တွေကို ကေအိုင်အေ သိမ်းယူ

အောက်တိုဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ကချင်ပြည်နယ်ထဲက ချီဖွေမြို့နဲ့ ဆော့လော် မြို့တွေကို ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ က သိမ်းယူလိုက်ပါတယ်။ အဲဒီမြို့တွေမှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ် စခန်းတွေ ရှိပြီး ကေအိုင်အေကို အနှောင့်အယှက် ပေးနေ တာကြောင့် သိမ်းယူခဲ့တာ ဖြစ်တယ်လို့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။ ချီဖွေနဲ့ ဆော့လော် မြို့တွေက စစ်ရေးအခြေအနေတွေကို ကိုမိုးမြင့်က ပြောပြပေထားပါတယ်။