စစ်ကောင်စီ ဒု ဥက္ကဋ္ဌ ဘယ်ရောက်

ဗီဒီယို ပုံစာ, စစ်ကောင်စီ ဒု ဥက္ကဋ္ဌ ဘယ်ရောက်
စစ်ကောင်စီ ဒု ဥက္ကဋ္ဌ ဘယ်ရောက်

စစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတွင်းရှိခဲ့စဥ် တိုက်ခိုက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့နောက် ဧပြီ လဆန်းပိုင်းစလို့ အများပြည်သူမြင်ကွင်းကနေ နှစ်ပတ်ကြာ ပျောက်ကွယ်နေပါတယ်။ စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်၊ အခမ်းအနားတွေနဲ့ စစ်တိုင်းတွေကိုသွားရောက်တာမျိုး လုံးဝမရှိသလို နှစ်စဥ် တက်ရောက်နေကျ နေပြည်တော် သင်္ကြန်ပွဲတော်ကိုတောင် ဒီနှစ်မှာတက်ရောက်တာမရှိခဲ့ပါဘူး။ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာဘာကြောင့်လဲ။ အပြည့်အစုံကို ကိုကျော်ဇေယျက ပြောပြမှာပါ။