မြောက်ဦးဆေးရုံ ဗုံးကြဲမှု အရေးယူဖို့ နိုင်ငံတကာကို တောင်းဆို

ဗီဒီယို ပုံစာ, မြောက်ဦးဆေးရုံ ဗုံးကြဲမှု အရေးယူဖို့ နိုင်ငံတကာကို တောင်းဆို
မြောက်ဦးဆေးရုံ ဗုံးကြဲမှု အရေးယူဖို့ နိုင်ငံတကာကို တောင်းဆို

မြောက်ဦးဆေးရုံကို လေကြောင်း ဗုံးကြဲခဲ့မှုအတွင်း လူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာကြောင့် အရပ်သားတွေကို ဦးတည် တိုက်ခိုက်တဲ့ စစ်တပ်ကို နိုင်ငံတကာက အရေးယူစေချင်တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုတွေက ပြောကြပါတယ်။ အခုလို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဆေးရုံတွေကို လေကြောင်း တိုက်ခိုက်တာဟာ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်မှု ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ချုပ် WHO က ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ကိုကျော်ဇေယျ က ပြောပြမှာပါ။