ရုရှားကျူးကျော်စစ်အတွင်း သေဆုံးခဲ့ရတဲ့ ယူကရိန်း မိန်းကလေး ၂ ဦး

ဗီဒီယို ပုံစာ, ရုရှားကျူးကျော်စစ်အတွင်း သေဆုံးခဲ့ရတဲ့ ယူကရိန်း မိန်းကလေး ၂ ဦး
ရုရှားကျူးကျော်စစ်အတွင်း သေဆုံးခဲ့ရတဲ့ ယူကရိန်း မိန်းကလေး ၂ ဦး

ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ပိုတိုးပြီး တိုက်ခိုက်မယ်လို့ ရုရှားသမ္မတပူတင်က ပြောကြားလိုက်အပြီး ယူကရိန်းမြို့တွေအပေါ် ရုရှားက ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်တာကာလအတွင်း ယူကရိန်းနိုင်ငံအပေါ် ရုရှားက မစ်ဆိုင်းဒုံး၊ ဒရုန်း ၅၀၀ ကျော်လောက်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပြောပါတယ်။ ယူကရိန်းကို ရုရှား စကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစလို့ ယူကရိန်း အရပ်သား သေဆုံးသူအရေအတွက်ဟာ တစ်သောင်းကျော်အထိ တိုးလာနေပြီလို့ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဇပိုရီဂျာမြို့မှာ သေဆုံးခဲ့ရတဲ့ အရပ်သား အမျိုးသမီးငယ်လေး နှစ်ဦးရဲ့ အကြောင်း ဘီဘီစီ အကြီးတန်းသတင်းထောက် အော်လာ ဂါရင်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။