အာရှက ကလေးအစားအစာမှာ သကြား ထပ်တိုးထည့်ထား

ဗီဒီယို ပုံစာ, အာရှက ကလေးအစားအစာမှာ သကြား ထပ်တိုးထား
အာရှက ကလေးအစားအစာမှာ သကြား ထပ်တိုးထည့်ထား

အရှေ့တောင် အာရှနိုင်ငံတွေက ကြွယ်ဝတဲ့ မိသားစုတွေမှာ မိဘတွေဟာ ကိုယ့်ရင်သွေးတွေအတွက် အသင့်လုပ်ပြီးသား ကလေးအစားအစာတွေကို ကျွေးမွေးလာကြပါတယ်။ အဲဒီ ကလေးအစားအစာတွေကို ထုတ်လုပ်သူတွေကလည်း ကျန်းမာ သန်စွမ်းစေပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူ ဖြစ်စေတယ်ဆိုပြီး ကြော်ငြာရောင်းချလေ့ ရှိကြပါတယ်။

ဒါပေမယ့် တချို့ အစားအစာတွေမှာ သကြားထပ်ထည့်ထားတတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီ အစားအစာကိုပဲ ဥရောပဘက်မှာ ရောင်းချတဲ့အခါမှာတော့ အဲဒီလို သကြားထပ်ထည့်ပေးထားတာမျိုး မတွေ့ရပြန်ပါဘူး။

ဖိလစ်ပိုင်နိုင်ငံမှာ ဆိုရင်လည်း အဝလွန်တာနဲ့ ဆီးချိုဖြစ်တာတွေ တိုးလာနေပြီ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ အာဟာရချို့တဲ့ခြင်းဟာ ပုံစံသစ်တခုနဲ့ ပေါ်ထွက်လာနေကြောင်း သတိပေးနေကြပါတယ်။ စူရန်ယာနာ တဲဝါရီ ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။