တိုက်ကြီး ၇ တိုက်က အမြင့်ဆုံးတောင်တွေကို တက်သူ
တိုက်ကြီး ၇ တိုက်က အမြင့်ဆုံးတောင်တွေကို တက်သူ
ဟာရီ ဗာ့ဒ်ဟာ မါဂါဟာ ဗြိတိသျှ စစ်တပ် ဂေါ်ရခါးတပ်ဖွဲ့မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်မှုထမ်းဟောင်း တယောက် ဖြစ်ပါတယ်။ အခု သူဟာ အန္တာတိကတိုက်မှာ အမြင့်ဆုံးဖြစ်တဲ့ တောင်ကို တက်ဖို့ ကြိုးစားနေပါတယ်။ တကယ်လို့သာ အောင်မြင်ခဲ့ရင် သူဟာ ခြေနှစ်ဘက် ဆုံးရှုံးထားရသူတွေထဲမှာ ကမ္ဘာပေါ်က တိုက်ကြီး ၇ တိုက်မှာ ရှိတဲ့ အမြင့်ဆုံးတောင်ကြီးတွေရဲ့ တောင်ထိပ်အထိ ပထမဆုံး တက်နိုင်သူ ဖြစ်လာမှာပါ။ အခု ယူကေမှာ နေထိုင်နေတဲ့ သူ့ကို ဘီဘီစီ သတင်းထောက် ကလော်ဒီယာ ဆာဘဲဇစ်က တွေ့ဆုံ မေးမြန်းခဲ့တာကို မသီဒါနွယ်က ပြန်ပြောပြမှာပါ။



