ချားလ်စ်ဘုရင်မှာ ကင်ဆာရောဂါတွေ့
ချားလ်စ်ဘုရင်မှာ ကင်ဆာရောဂါတွေ့
တတိယမြောက် ချားလ်စ်ဘုရင်မှာ ကင်ဆာရောဂါ တမျိုး စတင်ဖြစ်ပွားနေတာကို တွေ့ရှိရတဲ့အတွက် ကုသမှုတွေ စတင်နေပြီ ဖြစ်ကြောင်း ဘာကင်ဟမ် နန်းတော်က မနေ့ ညနေပိုင်းက ကြေညာခဲ့ပါတယ်။ အဲဒီ ကင်ဆာဟာ ဆီးကျိတ်ကင်ဆာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် မကြာသေးမီက ဆီးကျိတ်ရောင်လို့ ဆေးရုံတက်ပြီး ကုသမှု ခံယူနေစဉ်အတွင်းမှာ ဒီကင်ဆာရောဂါကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သူဟာ ပြည်သူလူထုအတွက် ထမ်းဆောင်ရတဲ့ သူ့ရဲ့ တာဝန်တွေကို နားထားမယ်လို့ သိရပါတယ်။ တော်ဝင်သတင်းထောက် ဒန်ညဲလာ ရဲ့လ်ဖ်က ပြောပြထားတာကို မသီရိဇော်က ပြောပြမှာပါ။



