ပါလက်စတိုင်း နယ်မြေထဲ အစ္စရေး ရွှေ့ပြောင်းသူတွေ ဝင်ရောက်

ဗီဒီယို ပုံစာ, ပါလက်စတိုင်း နယ်မြေထဲ အစ္စရေး ရွှေ့ပြောင်းသူတွေ ဝင်ရောက်
ပါလက်စတိုင်း နယ်မြေထဲ အစ္စရေး ရွှေ့ပြောင်းသူတွေ ဝင်ရောက်

ပြီးခဲ့တဲ့နှစ် အောက်တိုဘာက အစ္စရေး ဂါဇာတိုက်ပွဲတွေ စခဲ့ပြီး နောက်မှာ အစ္စရေး ဘက်က ရွှေ့ပြောင်း အခြေချနေထိုင်သူတွေကလည်း ပါလက်စတိုင်း နယ်မြေတွေထဲက မြေတွေကို ပိုမိုရယူလာခဲ့ကြပါတယ်။ အဲဒီ အချိန်ကာလအတွင်း ပါလက်စတိုင်း ၁၅၀၀ လောက် နေအိမ်တွေကနေ စွန့်ခွာခဲ့ကြရတယ်လို့ ကုလသမဂ္ဂကလည်း ပြောပါတယ်။ ဘီဘီစီ EYE စုံစမ်းဖော်ထုတ်ရေး ဌာနက အဲဒီ နယ်မြေအတွင်း ရွှေ့ပြောင်းအခြေချသူတွေဟာ အစ္စရေး အစိုးရပိုင်းနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်းဆီကနေ အထောက်အပံ့တွေ ရနေတာကို သိခဲ့ရပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။