ယူကရိန်းနဲ့ ရုရှား သမ္မတချင်း တွေ့ဆုံဖို့ ရှိသလား
ယူကရိန်းနဲ့ ရုရှား သမ္မတချင်း တွေ့ဆုံဖို့ ရှိသလား
ရုရှား ဘက်က အကြံပြုထားသလို လာမယ့် ကြသပတေးနေ့ အီစတန်ဘူလ်မှာ ရုရှား သမ္မတနဲ့ လူချင်း တွေ့ဆုံဖို့ အသင့်ရှိကြောင်း ယူကရိန်း သမ္မတ ဇယ်လန်းစကီး က ပြောဆိုပါတယ်။ ဒါပေမဲ့ ရုရှား သမ္မတ ကိုယ်တိုင် တက်ရောက်မှာလား ဆိုတာကိုတော့ မစ္စတာ ပူတင်က ပြောဆိုတာ မရှိသေးပါဘူး။ တခါ ဥရောပ ခေါင်းဆောင်တွေ တောင်းဆိုထားတဲ့ ရက် ၃၀ ကြာ ချွင်းချက် မရှိ အပစ်အခတ် ရပ်စဲရေး ကိစ္စကိုတော့ ရုရှားဘက်က မသိကျိုးကျွံ လုပ်နေပါတယ်။ ဘီဘီစီ လုံခြုံရေး ဆိုင်ရာ သတင်းထောက် ဖရန့် ဂါဒနာ ရဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြပေးမှာပါ။



