အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်လို့ စစ်ကော်မရှင် ထုတ်ပြောလာ
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်လို့ စစ်ကော်မရှင် ထုတ်ပြောလာ
မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ ၂၀၂၁ ခုနှစ်ဧပြီလ တုန်းက အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေး အပြီးမှသာ ထွက်ပေါ်လာတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို မထိခိုက်တဲ့ကိစ္စတွေမှာ တက်နိုင်သမျှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ စစ်ကော်မရှင် ပြောခွင့်ရသူက ပြောလာပါတယ်။ ဒါက အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို စစ်တပ်က ငြင်းပယ်လိုက်တာလား။ ဒီအကြောင်း ကိုဇေယျာထွန်းက ပြောပြပေးမှာပါ။



