ထပ်မံ ဗုံးမကြဲဖို့ အာမခံချက် အီရန်တောင်းဆို

ဗီဒီယို ပုံစာ, ထပ်မံ ဗုံးမကြဲဖို့ အာမခံချက် အီရန်တောင်းဆို
ထပ်မံ ဗုံးမကြဲဖို့ အာမခံချက် အီရန်တောင်းဆို

အီရန်ကို အမေရိကန်က ဗုံးမကြဲဘူးဆိုတဲ့ အာမခံချက် မပေးမချင်း နျူကလီးယား အရေး စေ့စပ် ညှိနှိုင်းမှုတွေမှာ ပါဝင်မှာ မဟုတ်ဘူးလို့ အီရန် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။ ဒါဟာ အီရန် အနေနဲ့ လ အနည်းငယ် အတွင်းမှာ ယူရေနီယံ ပြန်လည် ဖြည့်တင်း နိုင်တဲ့ စွမ်းရည် ရှိကြောင်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့် လေ့လာရေး အဖွဲ့ IAEA အဖွဲ့ က ပြောကြားလိုက်ပြီးနောက်မှာ အခုလို တောင်းဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်တုန်းက အမေရိကန်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှု ပြင်းထန်ပေမယ့်လည်း အလုံးစုံ ပျက်စီးခဲ့ခြင်း မရှိဘဲ အီရန် အနေနဲ့ နျူကလီးယား ဗုံး ဆက်လက် ထုတ်လုပ် နိုင်ကြောင်း ရာဖေးလ် ဂရော့ဆီက ပြောကြားပါတယ်။ အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးကို ဘီဘီစီ နိုင်ငံတကာ သတင်းထောက်ချုပ် လိစ် ဒူးဆက် တွေ့ဆုံ မေးမြန်းထားပါတယ်။ ဒါပေမဲ့ အီရန်ပြည်သူတွေအတွက် ထုတ်လွှင့်နေတဲ့ ဘီဘီစီ ပါရှန်း သတင်းဌာနမှာတော့ သူ့ရဲ့သတင်းတွေ ဖော်ပြခွင့် မရှိပါဘူး။ အီရန်မှာ ရောက်ရှိ သတင်းယူနေတဲ့ သတင်းမီဒီယာအားလုံးကိုလည်း အလားတူ ကန့်သတ်ထားပါတယ်။ မသီရိဇော်က ပြောပြမှာပါ။