ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းမှာ ပစ်ခတ်မှုတွေဖြစ်

ဗီဒီယို ပုံစာ, ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းမှာ ပစ်ခတ်မှုတွေဖြစ်
ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းမှာ ပစ်ခတ်မှုတွေဖြစ်

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်ရပ်စဲ ထားပေမယ့် အနောက်ဘက်ကမ်း ဒေသထဲမှာတော့ အခြေအနေတွေက ပိုမို တင်းမာ လာနေပါတယ်။ ဂျနင်းမြို့မှာ မနေ့က အစ္စရေးတပ်တွေ စီးနင်းမှု လုပ်ကြစဉ်အတွင်း ကလေး ၂ ယောက် သေဆုံးသွားတယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေကဆိုပါတယ်။ ဘီဘီစီ သတင်းထောက် လူစီ ဝီလယမ်ဆင် ဂျနင်းမြို့က ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။ အခုသတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။