လားရှိုးမြို့ နောက်ဆုံး အခြေအနေ
လားရှိုးမြို့ နောက်ဆုံး အခြေအနေ
ကိုးကန့် MNDAA တပ်တွေဘက်က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က ရမခ တိုင်းစစ်ဌာနချုပ်တဝိုက် ဒီကနေ့တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်တွေကတော့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေခဲ့ပြီး ကိုးကန့်ဘက်က မြို့ကိုထိန်းချုပ်ထားနိုင်ပြီးလို့ ထုတ်ပြန်ထားသလို စစ်ကောင်စီဘက်ကလည်း လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတချို့ကို ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အပြည့်အစုံကို ကိုကျော်ဇေယျက ပြောပြပေးပါမယ်။



